မွန်ပြည်နယ် ရေးမြို့ ပြည်သူ့ဆေးရုံ ခုတင် ၁၀၀ ဆံ့ ဆေးရုံမှာ မတ် ၇ ရက် မနက် ၁၁ နာရီခွဲလောက်က ရဲနဲ့ စစ်တပ်တွေ နေရာယူ တပ်စွဲချထားတာကို ရာနဲ့ချီတဲ့ဒေသခံပြည်သူတွေက သံပုံးတီးပြီး ကန့်ကွက်ခဲ့ကြပါတယ်။
အခုလို ဆေးရုံမှာလုံခြုံရေးတပ်စွဲချထားတာကို ဒေသခံတွေက စိုးရိမ်မကင်းဖြစ်ခဲ့ကြသလို လက်မခံနိုင်တာကြောင့် တဖြည်းဖြည်းနဲ့ လူတွေ များလာပြီးတော့ ကန့်ကွက်နေကြတဲ့အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက သေနတ် ၄ ချက် ပစ်ပြီး လူစု ခွဲခဲ့ပါတယ်။
အခုချိန်အထိတော့ ထိခိုက်ဒဏ်ရာရတဲ့သူ မရှိခဲ့ပါဘူး။ ဆေးရုံမှာ လုံခြုံရေး တပ်နဲ့ ရဲတွေက အင်းအားအများပြားနေရာယူထားပြီး ဆေးရုံရှေ့သွားရာလမ်း နေရာတွေကိုလည်း အသွားလာ ကန့်သတ်ထားပါတယ်။
လက်ရှိအချိန်အထိ တပ်နဲ့ရဲ ၁၀ ယောက်ခန့် ဆေးရုံဝင်းထဲမှာ နေရာယူထားလျက်ရှိနေပြီး ဒေသခံတွေကတော့ မြို့အတွင်း လှည့်လည်နေပြီး ရဲက လူစုခွဲဖို့ပြောနေပြီး အခြေအနေတင်းမာနေပါတယ်။