ကယားပြည်နယ် လွိုင်ကော်မှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တွေအကြား အပြန်အလှန် ဖမ်းဆီးမှုတွေကြောင့် အခြေအနေ တင်းမာနေတယ်လို့ သိရပါတယ်။
ဒီနေ့မနက် ဆန္ဒပြပွဲကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က သေနတ်၊ မျက်ရည်ယိုဗုံးတွေနဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ဖြိုခွင်းပြီးနောက် ဆန္ဒပြသူအချို့အား ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆန္ဒပြပြည်သူတဦးက ပြောပါတယ်။
ဆန္ဒပြသူတွေဘက်ကလည်း ရဲတပ်ဖွဲ့ဝင်အချို့ကို အပြန်အလှန် ဖမ်းဆီးထားပြီး အခြေအနေ တင်းမာနေတယ်လို့ ဆိုပါတယ်။
“ဆန္ဒပြပြည်သူချို့ကို ဖမ်းသွားလို့ အခု လူထုကလည်း ရဲတပ်ဖွဲ့ဝင်အချို့ကို ပြန်ဖမ်းထားတယ်။ ရဲဘက်က ဖမ်းထားသူကို ပြန်လွှတ်ပါ၊ မလွှတ်ရင် ဒီဘက်က ဖမ်းထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း ပြန်မလွှတ်ဘူးလို့ ပြောတယ်။ တကယ်လို့ ဆန္ဒပြလို့ ဖမ်းသွားတဲ့သူကို ရိုက်နှက်မယ်ဆိုရင် ဒီဘက်ကလည်း ရိုက်နှက်မယ်ဆိုပြီး လူထုကပြောပါတယ်။”
လက်ရှိမှာတော့ နှစ်ဖက် အပြန်အလှန် ဖမ်းဆီးထားသူ ဘယ်ဆီးထားတာ ဘယ်နှဦးလဲဆိုတာတော့ ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။