မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၂၂ လမ်း ၈၉ လမ်းက တပ်ပေါင်းစု ထိုင်သပိတ်ကို လူစုခွဲနေတဲ့အချိန်မှာပဲ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွင်းခဲ့ပါတယ်။
တပ်ပေါင်းစု ထိုင်သပိတ်ကို မတ် ၇ ရက်နေ့ မနက်ပိုင်းက စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ အတားဆီးတွေကြားထဲက လုပ်ခဲ့တာဖြစ်ပြီး လူဦးရေ သောင်းနဲ့ချီ ပါဝင်ခဲ့ကြပါတယ်။
ထိုင်သပိတ်မှာ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ၊ ပညာရေး ဝန်ထမ်းတွေ၊ ကျောင်းသားသမဂ္ဂအဖွဲ့အစည်းတွေနဲ့ ပြည်သူတွေ ပါဝင်ခဲ့ပြီး စစ်အာဏာရှင်ကျရှုံးရေး၊ ၂၀၀၈ အခြေခံဥပဒေဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေး၊ ဖမ်းဆီးခံထားရသူတွေ လွှတ်ပေးရေး စတာတွေကို ငြိမ်းချမ်းစွာ တောင်းဆိုခဲ့ကြပါတယ်။