Home
မြန်မာသတင်း
အင်းစိန်၊ ပေါက်တောဝ သပိတ်မစခင် စစ်တပ်နှင့်ရဲ ဝင်ရောက်ပြီး အတားအဆီးများကို မီးရှို့
DVB
·
March 7, 2021
Insein PaukTawWa protesters crackdown by military 1
Insein PaukTawWa protesters crackdown by military 2
Insein PaukTawWa protesters crackdown by military 3
Insein PaukTawWa protesters crackdown by military 4
Insein PaukTawWa protesters crackdown by military 5

ဘုရင့်နောင်လမ်း အင်းစိန်ပေါက်တောဝ သပိတ်စတင်ဖို့ ပြင်ဆင်နေတုန်းမှာပဲ ဒီနေ့မနက် ၈ နာရီ ၄၅ မိနစ်မှာ စစ်တပ်နဲ့ရဲကား ငါးစီး ဝင်ရောက်လာတာကြောင့် လူငယ်တွေဟာ ရပ်ကွက်လမ်းတွေထဲ ပြေးဝင်ခဲ့ကြရပါတယ်။

လမ်းပေါ်က အတားအဆီးတွေကိုလည်း စစ်တပ်နဲ့ရဲက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

အင်းစိန်ပေါက်တောဝသပိတ်ကို မတ်လ ၃ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး ဒီနေ့က ငါးရက်မြောက်နေ့ဖြစ်ပါတယ်။မတ်လ ၆ ရက်နေ့သပိတ်မှာ အင်းစိန်လူငယ် ၁၀ ဦးလောက် အဖမ်းခံခဲ့ရပြီး ညပိုင်းမှာ ရဲက ထပ်ဆွဲဖို့ကြိုးစားခဲ့ပေမယ့် တယောက်မှ ပါမသွားဘူးလို့ သပိတ်ဦးဆောင်တဲ့ လူငယ်တွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024