Home
မြန်မာသတင်း
အင်းစိန် ပေါက်တောဝသပိတ်ကနေ စစ်တပ်နှင့်ရဲ ပြန်ဆုတ်ခွာ
DVB
·
March 6, 2021
InSein Protesters 9
InSein Protesters 10
InSein Protesters 11
InSein Protesters 12
InSein Protesters 13

အင်းစိန်၊ ပေါက်တောဝ ဘုရင့်နောင်လမ်း သပိတ်ကနေ မွန်းလွဲ ၁ နာရီခွဲမှာ စစ်တပ်နဲ့ရဲတွေ ပြန်လည်ဆုတ်ခွာသွားပါတယ်။

ဒီနေ့ မနက် ၁၁ နာရီလောက်မှာ ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲ့က သေနတ်အချက် ၂၀ ကျော် ပစ်ဖောက်ခဲ့ပြီး မျက်ရည်ယိုဗုံးတချို့သုံးပြီး ဖြိုခွင်းခဲ့ပြီးနောက် သပိတ်ပြိုကွဲမသွားအောင် လူငယ်တွေက ထိန်းနိုင်ခဲ့ပါတယ်။

လူငယ် ဆယ်ယောက်လောက်ကိုတော့ ရဲက ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ လူငယ်တွေ အသုံးပြုတဲ့ စတီးလ်ဒိုင်း ၇ ခုကိုလည်း ရဲတပ်ဖွဲ့က သိမ်းယူသွားပါတယ်။

အင်းစိန် ပေါက်တောဝသပိတ်ကို မတ်လ ၃ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး လေးရက်မြောက်တဲ့အထိ သပိတ်ကို အောင်မြင်အောင် ထိန်းထားနိုင်ခဲ့တယ်လို့ ဦးဆောင်လူငယ်တစ်ဦးက ပြောပါတယ်။

ဘုရင့်နောင်လမ်းကို ပိတ်ပြီး သပိတ်မှောက်တာဟာ CDM ပိုအားကောင်းလာအောင်နဲ့ ကုန်စည်စီးဆင်းမှု ဖြတ်တောက်နိုင်အောင် ရည်ရွယ်တယ်လို့ သပိတ်မှောက်လူငယ်တွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024