မြန်အောင်မြို့မှာ ဆန္ဒပြပြည်သူလူထုထဲက ကျောင်းသားလေးယောက်ကို ဖမ်းဆီးပြီး ဆန္ဒပြပြည်သူတွေရဲ့ဆိုင်ကယ်တွေကိုလည်း တပ်ရင်း ၅၁ ထဲ သိမ်းဆည်း ယူဆောင်သွားတယ်လို့ သိရပါတယ်။
မြန်အောင်မြို့မှာ မတ် ၆ ရက် မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြပြည်သူတွေကို ရဲတပ်ဖွဲ့နဲ့ စစ်တပ်က ဖမ်းဆီးလူစုခွဲခဲ့ပြီး ဖမ်းဆီးသွားတာပါ။
ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေ လွတ်မြောက်ရေးအတွက် မြို့နယ်တွင်းက ပြည်သူတွေက လမ်းတွေပိတ်တောင်းဆိုခဲ့ကြပါတယ်။
မြန်အောင်မြို့ပေါ်ရှိ မြို့မြို့ဖတွေက လွတ်မြောက်ရေးအတွက် တာဝန်ယူမယ်ဆိုတာကြောင့် လမ်းတွေ ပြန်ဖွင့်ပေးခဲ့ပါတယ်။
လက်ရှိမှာ ကျောင်းသားမိဘတွေခေါ်ထားပြီး လွတ်မြောက်ဖို့လုပ်ဆောင်နေတယ်လို မြန်အောင်မြို့ခံဆရာတော်တပါးကမိန့်ပါတယ်။
မြန်အောင်မြို့နယ်မှာ မတ်လ ၄ ရက်နေကလည်း ကျောင်းသား ၆ ယောက် အဖမ်းခံထားရပါတယ်။