မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်မှာ စစ်အာဏာရှင်ကို အလိုမရှိကြောင်း ဆန္ဒပြသူတွေကို ဒီနေ့မနက် ၁၀ နာရီကျော်အချိန်က ရဲနဲ့တပ်က သေနတ် ၁၀ ချက်ခန့်နဲ့ မီးခိုးဗုံးတွေ ပစ်ခတ်ပြီး ဖြိုခွင်းခဲ့တယ်လို့ သိရပါတယ်။
ဖြိုခွဲခံရတဲ့ အဲ့ဒီဆန္ဒပြသူတွေဟာ မြစ်ကြီးနားမြို့၊ ဒူကထောင်စျေးအရှေ့ကနေ မနက် ၉ နာရီက လူဦးရေ ၁၀၀ လောက်နဲ့ လမ်းလျှောက်ဆန္ဒပြကြပြီး အောင်နန်းရပ်ကွက်အရောက်မှာ ရဲနဲ့ စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဖြိုခွင်းခဲ့တာလို့ ဆန္ဒပြသူတွေက ပြောပါတယ်။
ဆန္ဒပြသူ အနည်းဆုံး ၃ ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြော ပါတယ်။