ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ ခွန်သာရပ်ကွက်အတွင်း မတ်လ ၃ ရက်နေ့ည ၁၀ နာရီလောက်က ရဲနဲ့ စစ်သားတွေက အချုပ်ကားတွေနဲ့ ရောက်လာပြီး ကင်းစောင့်သူတွေအပါအဝင် ၅ ဦးကို ဖမ်းဆီးတာကြောင့် ရပ်ကွက်သူ/သားတွေက လမ်းပိတ်သံပုံးတီးပြီး ပြန်လွှတ်ဖို့ တောင်းဆို တဲ့အတွက် ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ညကင်းစောင့်သူ ၃ ဦးနဲ့ အရန်မီးသတ်အပါအဝင် ၅ ဦးကို အဓမ္မဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
မတ် ၁ ရက်နေ့ညကလည်း ရပ်ကွက်အတွင်း ရောက်ရှိလာတဲ့ လူစိမ်း ၁ ဦးကို ကင်းအဖွဲ့ တွေက စစ်ဆေးရာ ဗိုလ်ကြီးဆိုသူကို ဖုန်းဆက်ပြီး ရဲတွေက အင်အားအများအပြားနဲ့ လာရောက်ခေါ်ထုတ်သွားခဲ့ပြီး ရပ်ကွက်ထဲမှာလည်း လူစိမ်း ၂ ဦးကိုလည်း ဖမ်းမိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။