ရန်ကုန်မြို့ အင်းစိန်ထောင်ရှေ့မှာ ကျောင်းသားတွေနဲ့ အင်းစိန် မီးရထားဝန်ထမ်းတွေနဲ့ ပြည်သူတွေ ပူးပေါင်းဆန္ဒပြနေတာကို ရဲနဲ့ စစ်တပ်က အကြမ်းဖက် ဖြိုခွင်းပေမဲ့ လူစုကွဲမသွားဘဲ ရဲနဲ့ စစ်သားတွေ ပြည်သူတွေကြားထဲ ပိတ်မိသွားပါတယ်။
နေ့စဉ်ရက်ဆက် ပြုလုပ်နေတဲ့ ဆန္ဒပြပွဲမှာ ဒီနေ့မှာတော့ ကျောင်းသားတွေပါ ပူးပေါင်းလာတာကြောင့် လူအင်အားပိုများပြီး ရဲနဲ့ စစ်သားတွေက မျက်ရည်ယိုဗုံးတွေ၊ သေနတ်တွေ ပစ်ဖောက်လူစုခွဲရာမှာ လူအုပ်က ၂ ခြမ်း ဖြစ်သွားခဲ့တာပါ။
အခုတော့ ပြည်သူတွေဟာ ဆက်လက်ဆန္ဒပြနေပြီး အင်းစိန်တံတားအဆင်းကနေ လှိုင်မြစ်လမ်းတလျှောက်က လမ်းထိပ်တွေကို ပြည်သူတွေက အရံအတားတွေနဲ့ ပိတ်ထားပါတယ်။
အခု ဆန္ဒပြသူတွေဟာ မျက်ရည်ယိုဗုံးတွေပစ်လာရင် ငြှိမ်းသတ်လို့ရအောင် ရေဘူးတွေ၊ ရေအိတ်တွေ အရန်သင့်ထားပြီး ဆက်လက်ဆန္ဒပြနေကြပါတယ်။