မန္တလေးတွင် ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသူ၏ရုပ်အလောင်း နေအိမ်ပြန်သယ်
DVB
·
March 1, 2021
စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုကြောင့် မန္တလေးမြို့ ၄၁ Aလမ်း၊ ၆၄ လမ်းနဲ့ ၆၅ လမ်းကြားမှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ခေါင်းကို သေနတ်မှန်သေဆုံးခဲ့သူရဲ့ ရုပ်အလောင်းကို ဒီနေ့မွန်းလွဲပိုင်း ရင်ခွဲရုံကနေ နေအိမ်ကို သယ်လာခဲ့ပါတယ်။
သေဆုံးသူဟာ ပုသိမ်ကြီးမြို့နယ် နွယ်နီကျေးရွာ ကွက်သစ်မှာနေထိုင်သူဖြစ်ပြီး မိခင်၊ ဇနီး၊ သား၊ သမီးတို့နဲ့ နေထိုင်သူဖြစ်ပါတယ်။ သေဆုံးသူရဲ့သားဟာ အသက် ၆ နှစ်အရွယ်ဖြစ်ပြီး သမီးကတော့ ၁ နှစ်ကျော်သာ ရှိပါသေးတယ်။
သေဆုံးသူကိုတော့ မတ် ၂ ရက်နေ့ သင်္ဂြိုဟ်မယ်လို့ သိရပါတယ်