ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ တိုက်ကြီး၊ ဥက္ကံမြို့နဲ့ အဖျောက်မြို့မှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့က လူဦးရေ သောင်းချီ စစ်အာဏာရှင် ကျဆုံးရေး ဆန္ဒဖော်ထုတ်ကြပါတယ်။
တိုက်ကြီးမြို့မှာ လူဦးရေ ၂ သောင်းကျော်၊ အဖျောက်မြို့မှာ လူဦးရေ ၁ သောင်းကျော်၊ ဥက္ကံမြို့က လူဦးရေ ၁ သောင်းကျော်နဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ပါဝင်ကြပါတယ်။
ဒီကနေ့မှာတော့ တိုက်ကြီးမှာ ရဲတပ်ဖွဲ့ဝင် ၃၀ ခန့် အသင့်အနေအထားနဲ့ စောင့်နေတာကို တွေ့ရပါတယ်။
တိုက်ကြီးမြို့နယ်မှာ ဖေဖော်ဝါရီ ၈ ရက်နေ့က စတင်ပြီး စစ်အာဏာရှင်ကျဆုံးရေး ဆန္ဒထုတ်ဖော်ပွဲကို စတင်ဆန္ဒပြခဲ့ရာ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်၊ ဆည်မြောင်း၊ သစ်တော၊ မြန်မာ့မီးရထား၊ မြေစာရင်းနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းတချို့ ပါဝင်ခဲ့ပါတယ်။