မြန်မာ - တရုတ်နယ်စပ်မြို့ ဖြစ်တဲ မူဆယ်မြို့မှာ ဖေဖော်ဝါ ၂၈ ရက်နေ့ မနက် ၉ နာရီကနေ ၁၂ ခွဲထိ စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန္ဒပြနေချိန် မနက် ၁၁ နာရီ ခွဲလောက်မှာ ဆန္ဒပြပြည်သူတွေကို ကားတစ်စီးနဲ့ လိုက်တိုက်မှု ဖြစ်ပွားခဲ့ပါတယ်။
ပြည်သူသောင်းချီ ဆန္ဒပြနေချိန် ကားနဲ့လိုက်တိုက်သူက အရပ်ဝတ်နဲ့ဖြစ်ပြီး ပစ္စတို တစ်လက်ပါတယ်လို့ ဆန္ဒထုတ်ဖော်သူတွေက ပြောပါတယ်။
ကားနဲ့လိုက်တိုက်ပေမယ့် လူတွေကိုတော့ မတိုက်မိဘဲ ပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးထားတယ်လို့ လူငယ်တစ်ဦးက ပြောပါတယ်။
မူဆယ်မှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဆန္ဒပြပွဲမှာ ရဲတွေစောင့်ဆိုင်းတားမြစ်တာကြောင့် အစီအစဥ်ပြောင်းကာ မြို့တွင်းလမ်းလျှောက် သပိတ်ပြုလုပ်ခဲ့ပြီး ဒီနေ့မှာတော့ ရဲတပ်ဖွဲ့ ပိတ်ဆို့တားဆီးတာ မရှိဘူးလို့ သိရပါတယ်။
Pra Jaw