ရှမ်းပြည်နယ်၊ လားရှိုးမြို့မှာ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြသူတွေကို ရဲနဲ့ စစ်တပ်က ဒီကနေ့ ရေကားတွေ၊ မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် လူ ၃၀ ကျော် ဒဏ်ရာရခဲ့ပြီး ၈ ဦး ဖမ်းဆီးခံရတယ်လို့ ဆန္ဒပြရာမှာ ပါဝင်သူတွေက ပြောပါတယ်။
လားရှိုးမြို့ အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုတော်လှန်ရေးမှာ ရှေ့တန်းကနေ လူထုလုံခြုံရေး ကာကွယ်ပေးတဲ့ ကျောင်းသား ၆ ဦးနဲ့ အမျိုးသမီး ၂ ဦး ဖမ်းဆီးခံရပြီး အယောက် ၃၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြတာလို့ ဆိုပါတယ်။
ရဲနဲ့ စစ်တပ်က ပစ်ခတ်ဖြိုခွင်းမှုကြောင့် ဆန္ဒပြလူစုကွဲသွားကြပေမယ့် စစ်ကြောင်း သုံးကြောင်းပြန်စုပြီး မြို့တွင်းနေရာနှံ့အပြားမှာ ဆက်လက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
နန်းငြိမ်းလုံ