စစ်အာဏာရှင်ဆန့်ကျင်ရေး အင်းစိန်မြို့နယ် ဆန္ဒပြ ကျောင်းသားပြည်သူတွေကို ရဲနဲ့စစ်တပ်က သေနတ်၊ မျက်ရည်ယိုဗုံးတွေနဲ့ အကြမ်းဖက်ပစ်ခတ်နှိမ်နင်းပြီး လူငယ်တွေ အများအပြား ဖမ်းဆီးခံခဲ့ရတယ်လို့ ဆန္ဒပြသူတဦးက ပြောပါတယ်။
ရဲတွေက လမ်းကို ပိတ်ဆို့ပြီး ပစ်ခတ်လို့ ဆန္ဒပြသူတွေ လူစုကွဲတုန်း လမ်းသွယ်တွေထဲကို ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။
“ကလေးတွေ အများကြီး ပါသွားပြီ၊ ဟေ့ကောင်တွေ အဲဒါ ကလေးတွေကွ၊ အဲဒါပြည်သူက မွေးတာကွ ဟာ အများကြီးပဲ၊ အဲလမ်းထဲကို မဝင်ပါနဲ့လို့ ပြောတယ်။ ကောင်မလေးလည်း ပါတယ် ဖမ်းသွားတာ။”
လူငယ်တွေကို ဖမ်းဆီးသွားတဲ့အတွက် ဒေါသထွက်နေတဲ့ ဆန္ဒပြသူအချို့ကိုလည်း စိတ်အေးအေးထားဖို့ ဆန္ဒပြသူတွေက ဝိုင်းဝန်းပြောဆိုနေကြတာကို လူမှုကွန်ရက်မှာ တင်ထားတဲ့ ရုပ်သံဖိုင်မှာ တွေ့ရပါတယ်။
လက်ရှိမှာတော့ ဆန္ဒပြသူတွေက အင်းစိန်လမ်းမကြီးပေါ်မှာ ဒိုင်းအဖွဲ့တွေနဲ့ ကာရံပြီး စစ်အာဏာရှင်အလိုမရှိကြောင်း ဆက်လက်ဆန္ဒနေကြပါတယ်။