ကချင်ပြည်နယ်၊ ရွှေကူမြို့မှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ကဧ ရာဝတီမြစ်ကြောင်းတလျှောက် မော်တော်တွေနဲ့လှည့်ပြီး ပထမဆုံးရေးပေါ်သပိတ်ပြုလုပ်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဆန္ဒဖော်ထုတ်ရာမှာ ပါဝင်ခဲ့သူတစ်ဦးက "ကျနော်တို့ ပုံမှန်အတိုင်းဆိုရင်တော့ အမှတ် ၂ ရွှေမြင်တင်ကုန်းကို စုရပ်အနေနဲ့ထားပြီး မြို့ပေါ်မှာလှည့်ပြီး ဆန္ဒဖော်ထုတ်နေကြတာပါ။ ဒီနေ့တော့ ထွေအုပ်နဲ့ရဲတွေက ကား နဲ့လှည့်ပြီး ခွင့်ပြုမိန့်မရဘဲ လူစုလူဝေး လုပ်တာတွေ အကုန်ဖမ်းမယ်ဆိုပြီး ကြေညာနေတော့ သူတို့နဲ့ထိပ်တိုက်တွေ့တာတွေဖြစ်လာရင် ကလေးတွေ အထိနာတာမျိုးတွေ မဖြစ်စေချင်လို့ အခုလိုရေပေါ်သပိတ်ကို စုပေါင်းတိုင်ပင်ပြီး လုပ်ဖြစ်တာပါ။ တစ်ဦးတစ်ယောက်တည်းက ဦးဆောင်တာမျိုးတော့ အစကတည်းက မရှိခဲ့ဘူး။ အားလုံးစုပေါင်းတိုင်ပင်ပြီး လုပ်ပြတာလေ။ မော်တော်ပိုင်ရှင်တွေကလည်း အခမဲ့ကူညီပါဝင်ကြတော့ အားလုံးအဆင်ပြေပါတယ်” လို့ ပြောပါတယ်။
ရေပေါ်သပိတ်ပြုလုပ်နေတာကို မြို့နယ်ရဲတပ်ဖွဲ့က မြို့နယ်မှူး ဦးဆောင်တဲ့အဖွဲ့က မော်တော်နဲ့လိုက်ပြီး တစ်ဦးတစ်ယောက်ကိုမှ ဖမ်းဆီးမှာမဟုတ်ကြောင်း ကတိပေးပြီး မိမိတို့အိမ်ကို အေးအေးဆေးဆေးပြန်ကြဖို့ လာပြောသွားတာတယ်လို့ သိရပါတယ်။
ရေပေါ်သပိတ်စစ်ကြောင်း ရပ်နားချိန်မှာတော့ ပြည်သူတွေက သိပိတ်စစ်ကြောင်းကို ဝန်းရံကြိုဆိုခဲ့ကြပြီး အိမ်အရောက်ပြန်နိုင်အောင် ဝိုင်းဝန်းကူညီခဲ့ကြတယ်လို့သိရပါတယ်။
ကျော်ဇေယျ(ရွှေကူ)