စစ်ကိုင်းတိုင်း ယင်းမာပင်မြို့က အာဏာသိမ်းစစ်ကောင်စီ အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒပြပွဲသူတွေကို ရဲအင်အားအလုံးအရင်းနဲ့ ပိတ်ဆို့တားဆီးခဲ့တယ်လို့ သိရပါတယ်။
ရဲအင်အားအလုံးအရင်းနဲ့ တားဆီးခံရတာကြောင့် ဆန္ဒပြပြည်သူတွေကလည်း လူစုခွဲပြီး လုံခြုံရေးတပ်ဖွဲ့တွေကို ရှောင်ကွင်းကာ မြို့တွင်းက လွတ်လပ်ရေးကျောက်တိုင်ထိသွားပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ ဆန္ဒပြသူတဦးက ပြောပါတယ်။
ယင်းမာပင်မြို့မှာ ပြီးခဲ့တဲ့နေ့တွေ ဆန္ဒပြစဉ်က အတားအဆီးမရှိ ဆန္ဒထုတ်ဖော်ခွင့် ရရှိခဲ့တာဖြစ်ပြီး ဒီကနေ့ ၂၇ ရက်နေ့မှာ တားဆီးပိတ်ဆို့ခံရတာဖြစ်ပါတယ်။