Home
မြန်မာသတင်း
တာမွေမြို့နယ် ကျောက်မြောင်းကို ရဲနှင့်စစ်တပ်က ဝင်ရောက်ပစ်ခတ်စီးနင်း
DVB
·
February 25, 2021
IMG_4534
IMG_4521
IMG_4431
IMG_4360
IMG_4317
IMG_4310
IMG_4236
IMG_4225
IMG_4223

ရန်ကုန်၊ တာမွေမြို့နယ်၊ ကျောက်မြောင်းမှာ  ရဲနဲ့ စစ်တပ်က  ဖေဖေါ်ဝါရီ ၂၅ ရက်နေ့ ညနေပိုင်းမှ စတင်ကာ လက်နက်အပြည့်အစုံ အင်အားအလုံးအရင်းနဲ့ ဝင်ရောက် စီးနင်း သေနတ်နဲ့ ပစ်ခတ်ပြီး ဆန္ဒပြ ပြည်သူတွေကို ဖမ်းဆီးခဲ့ပါတယ်။

ကျောက်မြောင်းကြီးရပ်ကွက်နဲ့ ဘိုးလိန်းအောင်မင်္ဂလာ ရပ်ကွက်တို့မှာ  အာဏာသိမ်းစစ်ကောင်စီခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးတွေကို ကန့်ကွက် ဆန္ဒပြတဲ့ ပြည်သူတွေကို အောင်မင်္ဂလာလမ်းနဲ့ နှင်းဆီလမ်းထောင့်မှာ ဒီကနေ့ ညနေ ၅ နာရီ ၄၅ မိနစ်လောက်မှာ တစ်ကြိမ်ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ည ၇ နာရီလောက်မှာတော့ လက်နက်နဲ့ ဒိုင်းတွေကိုင်ဆောင်ထားတဲ့ ရဲလုံခြုံရေး တပ်ဖွဲ့တွေက အောင်မင်္ဂလာလမ်းအတိုင်းဝင်ရောက်လာပြီး လူမရှိတော့တဲ့လမ်းပေါ်မှာ သေနတ် ပစ်ခတ် ခြိမ်းခြောက်မှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။

​ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် လူတွေထိခိုက်ဒဏ်ရာရတာတွေ မရှိပေမဲ့   လူအတော်များများ အဖမ်းခံရနိုင်တယ်လို့ ရပ်ကွက်နေ ဒေသခံတွေက ခန့်မှန်းနေကြပါတယ်။

ဖမ်းဆီးခံရသူ အရေအတွက် အတိအကျမသိရပေမဲ့ အောင်မင်္ဂလာကားမှတ်တိုင်မှာ ကားရပ်​စောင့်​နေတဲ့ ခရီးသည် ၁၅​ ယောက်​လောက်နဲ့ တခြားသူ ၁၀​ ယောက်​လောက် ဖမ်းဆီးခံရတယ်လို့  အနီးနားပတ်ဝန်းကျင်​နေသူ​တွေက ဒီဗွီဘီကို​ပြောတယ်။

ဒီကနေ့ ည ၁၁ နာရီလောက်အထိ ရဲနဲ့ စစ်တပ်တွေ  ယုဇနပလာဇာလမ်းဆုံမှ စတင်ကာ   ဗညားဒလမ်းမကြီးပေါ်မှာ အောင်မင်္ဂလာလမ်းထိပ်၊ သီတာလမ်းထိပ်တွေမှာ ပိတ်ဆို့တပ်ချထားပြီး ရပ်ကွက်နေ ဒေသခံပြည်သူတွေကတော့ ညဘက် အိမ်​တွေကို ဝင်ရောက် ဖမ်းဆီးမှာကို စိုးရိမ်နေကြပါတယ်။

အခုရက်ပိုင်းအတွင်း စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့ ပြည်သူလူထုတွေကို  ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွင်းတာ​တွေ နယ်​ဒေသ​တွေအပြင် ရန်ကုန်မှာပါ​တွေ့လာရပြီး ဖမ်းဆီးတာ​တွေလည်း ရှိလာပါတယ်။

Photo - JPaing / MPA

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024