ဖြူးမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြသူတွေဟာ ဒီနေ့ သနပ်ခါးတိုက်ပွဲအဖြစ် သနပ်ခါးလိမ်းပြီး ဆန့်ကျင်ဆန္ဒပြနေကြပါတယ်။
မြို့နယ်အတွင်းရှိ မြို့အားလုံးမှာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြနေကြပြီး ကညွတ်ကွင်းမြို့ ပြည်သူတွေကတော့ ဒီနေ့ကားတွေနဲ့ လှည့်လည်ဆန္ဒပြနေတာပါ။
သေနတ်တွေကို ပြည်သူတွေက ခါးသီးနေပြီးဖြစ်တာကြောင့် ဒီနေ့ကို သနပ်ခါးနေ့ အဖြစ်သတ်မှတ်ပြီး သနပ်ခါးလိမ်း ဆန္ဒပြနေတာဖြစ်သလို မြို့နယ်အတွင်းက ပြည်သူအားလုံးဟာ ငြိမ်းချမ်းမှုကို လိုလားကြောင်းနဲ့ အကြမ်းဖက်မှုကိုလည်း လုပ်ဆောင်မှာမဟုတ်သလို အကြမ်းဖက်မှု လုပ်ဆောင်သူတွေကိုလည်း ပြည်သူအားနဲ့ ဖော်ထုတ်သွားမယ်လို့ ဆန္ဒပြသူ တဦးက ပြောပါတယ်။
ကျော်အောင်