စစ်အာဏာရှင်စနစ်ဆန့်ကျင် ဆန္ဒပြနေသူတွေ မလာရောက်နိုင်အောင် ရဲ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဒီကနေ့ ဖေဖော်ဝါရီ ၂၄ ရက်မနက်က ရန်ကုန်မြို့လယ် ဆူးလေဘုရားဝန်းကျင်ရှိ လမ်းတွေအားလုံးကို ပိတ်ဆို့ထားပါတယ်။
ဒါပေမဲ့ ဆန္ဒပြသူတွေဟာ ဆူးလေဘုရားလမ်းနဲ့ ဗိုလ်ချုပ်လမ်းထောင့် ရှန်ဂရီလာဟိုတယ် ဘေးမှာ ထိုင်သပိတ်ပုံစံပြုလုပ်ပြီး စစ်အာဏာရှင်စနစ် အလိုမရှိကြောင်းနဲ့ ဖမ်းဆီးထားတဲ့ နိုင်ငံခေါင်းဆောင်တွေကို အမြန်ဆုံး ပြန်လွတ်ပေးဖို့ ငြိမ်းချမ်းရေးစွာ ဆန္ဒပြနေပါတယ်။
ဒီလိုဆန္ဒပြနေရာမှာတော့ နာမည်ကြီးအနုပညာရှင်တွေ၊ မိတ်ကပ်ပညာရှင်တချို့နဲ့ ဒီဇိုင်းနာတချို့လည်း ပြည်သူလူထုတွေနဲ့အတူ လာရောက်ပူးပေါင်းပါဝင်ခဲ့ပါတယ်။