ရန်ကုန်ရှိ အင်ဒိုနီးရှားသံရုံးကို သွားရောက်ဆန္ဒပြ
DVB
·
February 23, 2021
အာဏာသိမ်းစစ်အစိုးရက ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲသစ်ကို အာဆီယံအဖွဲ့ဝင် နိုင်ငံတွေကသဘောတူလာအောင် အင်ဒိုနီးရှာနိုင်ငံက တိုက်တွန်းနေတယ်လို့ သတင်းထွက်လာပြီးနောက်မှာ မြန်မာပြည်သူတွေက ရန်ကုန်မှာရှိတဲ့ အင်ဒိုနီးရှားသံရုံးကို ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက်မနက် သွားရောက် ဆန္ဒပြနေကြပါတယ်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးကတော့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို အလွန်စိုးရိမ်တဲ့အကြောင်းနဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း ပြောထားပါတယ်။
Photo - Ye Myo Khant / MPA