Home
မြန်မာသတင်း
ကုလသမဂ္ဂဆိုင်ရာအထူးသံတမန်နှင့် နိုင်ငံတကာဆက်ဆံရေးကိုယ်စားလှယ် CRPH ခန့်အပ်
DVB
·
February 22, 2021
CPRH-1-1
CPRH-2-1
CRPH
CPRH-2
CPRH-1

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)ရဲ့ ကုလသမဂ္ဂဆိုင်ရာ လုပ်ငန်းတာဝန်တွေကို ကော်မတီကိုယ်စား ဆောင်ရွက်ဖို့ ကုလသမဂ္ဂဆိုင်ရာအထူးသံတမန်အဖြစ် ဒေါက်တာဆာဆာကို တရားဝင် ခန့်အပ်တာဝန်ပေးလိုက်ပါတယ်။

ဒါ့အပြင် ဦးထင်လင်းအောင်ကိုလည်း CRPH ရဲ့ နိုင်ငံတကာဆက်ဆံရေး ကိုယ်စားလှယ်အဖြစ် ဒီနေ့ ခန့်အပ်တာဝန်ပေးတယ်လို့ ထုတ်ပြန်ထားပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂ၊ နိုင်ငံတကာအစိုးရတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့၊ နိုင်အချင်းချင်း ဆက်သွယ်ဆောင်ရွက်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ရဲ့ နိုင်ငံတကာဆက်ဆံရေးရုံးကို အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်မှာ  ဒီနေ့ စတင်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး CRPH ကော်မတီကို ပြည်သူလူထုက လုပ်ပိုင်ခွင့် အာဏာ အပ်နှင်းထားပြီး ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024