Homeမြန်မာသတင်း
နေပြည်တော် ၂ ငါးလုံးသပိတ်တွင် လူအင်အားသိန်းချီဆန္ဒပြ၊ ရဲနှင့်စစ်တပ် ရောက်လာသဖြင့် လူစုခွဲ
နေပြည်တော် ၂ ငါးလုံးသပိတ်တွင် လူအင်အားသိန်းချီဆန္ဒပြ၊ ရဲနှင့်စစ်တပ် ရောက်လာသဖြင့် လူစုခွဲ
နေဖြိုးဝင်း
·
February 22, 2021
နေပြည်တော်မှာ ဒီကနေ့ ပြုလုပ်နေတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ၂ ငါးလုံး အထွေထွေသပိတ်ကြီးမှာ ဌာနဆိုင်ရာ ဝန်ထမ်းတွေအပါအဝင် ပြည်သူလူထုအင်အား သိန်းချီပါဝင်ခဲ့ကြပါတယ်။
နေပြည်တော်ရှိ ဆန္ဒပြသူတွေဟာ ပျဉ်းမနားမြို့ နှင်းဆီပန်းအဝိုင်းမှာ လာရောက်စုဝေးကြပြီး တချို့သပိတ်စစ်ကြောင်းတွေ မြို့တွင်းလမ်းတွေမှာ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။
ပြည်သူတွေ ငြိမ်းချမ်းစွာ ဆန္ဒပြနေစဉ် စစ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ အင်အား အလုံးအရင်းနဲ့ ဝင်ရောက်လာတာကြောင့် လူစုခွဲပြီး ပြေးလွှားခဲ့ရပါတယ်။