လွိုင်ကော်မြို့ ၂ ငါးလုံး အထွေထွေသပိတ် ပြည်သူ သိန်းချီဆင်နွှဲ
DVB
·
February 22, 2021
ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဒီနေ့ မြို့လုံးကျွတ် ၂ ငါးလုံး အထွေထွေသပိတ်ကို ဆင်နွှဲနေပြီး ဈေးနဲ့ ဈေးဆိုင်တွေ အားလုံးနီးပါး ပိတ်ထားပါတယ်။
ဌာနဆိုင်ရာ အသီးသီးက CDM ဝန်ထမ်းတွေနဲ့ ပြည်သူ သိန်းချီပြီး စစ်အာဏာရှင်အလိုမရှိ၊ ၂၀၀၈ ဖွဲ့စည်းပုံဖျက်သိမ်းရေး၊ ဖမ်းဆီးထားတဲ့ နိုင်ငံခေါင်းဆောင်များ ပြန်လွှတ်ပေးရေး ချီတက်တောင်းဆိုနေကြပါတယ်။
ပြည်နယ်အစိုးရရုံး၊ ခရိုင်ရုံးနဲ့ မြို့နယ်ရုံး ပတ်လည်တွေမှာတော့ လုံခြုံရေးအတားအဆီးတွေ ရဲနဲ့ စစ်တပ်အင်အားအပြည့်နဲ့ ချထားပါတယ်။