စစ်အာဏာရှင်ပြုတ်ကျရေး ဖေဖော်ဝါရီ ၂၁ ရက်နေ့ လေးကြိမ်မြောက် ရှမ်းပြည်တောင်ပိုင်း အင်းလေး ရေပေါ်သပိတ်မှာ အင်းသား၊ ပအိုဝ်း၊ ဓနု၊ ဗမာ ဒေသခံ တိုင်းရင်းသားတွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
ရေပေါ်သပိတ်မှာ CDM ကျန်းမာရေးဝန်ထမ်းတွေ၊ ကျောင်းဆရာ/မတွေ ပိုမို ပါဝင်လာကြပြီး စက်လှေ အစီး ၅၀၀ လောက်၊ လူဦးရေ ၁၂၀၀၀ နီးပါးနဲ့ စစ်အာဏာရှင် ကျဆုံးရေး၊ ဒီမိုကရေစီရရှိရေး စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ဒါ့အပြင် အင်းလေးဖော်တော်ဦးဘုရားမှာ ဖန်အုပ်ဆောင်း အုပ်ထားတာဟာ အာဏာသိမ်းစစ်အစိုးရက ယတြာပြုလုပ်ထားတယ်ဆိုပြီး အင်းသားဒေသခံအများစုက ယုံကြည်ကြတာကြောင့် ဖန်အုပ်ဆောင်းအား ဖယ်ရှားပေးဖို့လည်း ကြွေးကြော်ခဲ့ကြပါတယ်။
မနက်ဖြန် နှစ်ငါးလုံး သပိတ်ကိုလည်း ညောင်ရွှေမှာ ပြုလုပ်ဖို့ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။