ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်ပွဲတွေကို နေ့စဉ်ပြုလုပ်နေပြီး လူငယ်တချို့မှလည်း ထိုင်သပိတ်တွေ ပြုလုပ်နေကြပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက်နေ့ကလည်း CDM ရွေ့လျားအထိုင် သပိတ်လမ်းကြောင်းတစ်ခုမှာ ကချင်တိုင်းရင်းသား တယောပညာရှင်များအဖွဲ့လည်း ပူးပေါင်းပါ၀င်လာခဲ့ကြတယ်လို့ သိရပါတယ်။
CDM ရွေ့လျားအထိုင်သပိတ်ကို စည်ပင်ရုံး၊ မြေစာရင်းရုံး၊ မြန်မာ့ဆက်သွယ်ရေးစာတိုက်၊ စာရင်းစစ်ရုံး၊ မီးသတ်ရုံးတွေ တယောသံစဉ်တွေ တီးခတ်တာ၊ CDM မှာ ပါ၀င်လာရေး ကြွေးကြော်သံ သံချပ်တွေနဲ့ ၀န်ထမ်းတွေကို မေတွာရပ်ခံ တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။
လူဦးရေ ၁၀၀ လောက် ပါ၀င်တဲ့ CDM ရွေ့လျားအထိုင်သပိတ် ချီတက်ရာ လမ်းတစ်လျှောက်မှာ ဒေသခံပြည်သူတွေကို မုန့်၊ ရေဘူးတွေ ဝေငှခဲ့ကြကာ ဝန်းရံခဲ့ကြပြီး နေ့လယ် ၁ နာရီလောက် စနစ်တကျ လူစုခွဲခဲ့ကြတယ်လို့လည်း သိရှိရပါတယ်။
ဇော်လင်းအောင်(ဗန်းမော်)