Home
မြန်မာသတင်း
CDM တွင်ပါဝင်ရန် လူစုနေသည့် မြစ်ကြီးနား ဆရာမ ၂ ဦးကို ရဲက တုတ်ဖြင့်ရိုက်နှက်ဖမ်းဆီး
DVB
·
February 19, 2021
152213701_1165640107228583_4653728861237229138_n

မြစ်ကြီးနား ပညာရေးဒီဂရီကောလိပ်ကျောင်းအနီး CDM လှုပ်ရှားမှုမှာ ပါဝင်ဖို့ ပညာရေးဝန်ထမ်းတွေ ဖေဖော်ဝါရီ ၁၉ ရက်နေ့က လူစုနေချိန် ရဲတွေက နံပါတ်တုတ်နဲ့ ရိုက်နှက်ကာ ကျောင်းဆရာမ ၂ ယောက်ကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

"ရဲဝတ်စုံနဲ့ ရဲကားတွေနဲ့ ကျမတို့လူစုတဲ့နေရာကိုရောက်လာပြီး ၁၄၄ လည်း အော်နေသံ ကြားတယ်။ အစ်မတို့ကလည်း ပြေးသွားတယ်၊  အဲမှာ ဆရာမ ၂ ယောက်ကျန်ခဲ့တယ်။ သူတို့ ၂ ယောက်က ဆိုင်ကယ်လဲသွားပြီး တစ်ယောက်ကိုတော့ အစ်မရှေ့မှာတင် ဖမ်းမိသွားတယ်။ ဆရာမတွေကို ကျမတို့ မျက်စိရှေ့တင်ရိုက်တာ အဲဒီဆရာမကို သူတို့က ဒူးထောက်ခိုင်းထားတာ”လို့ ဆရာမတစ်ဦးက ပြောပြပါတယ်။

မြစ်ကြီးနားမြို့ရဲ့ စည်ပင်သာယာစျေး စျေး ၁ နဲ့ စျေး ၂ ကြားမှာရှိတဲ့ စျေးကြီးလမ်းပေါ်မှာလည်း လူ ၁၀ ယောက်ကျော်လောက်ကို အချုပ်ကားပေါ် ဖမ်းခေါ်သွားတာ တွေ့ရတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

မြစ်ကြီးနားမှာ အရင်နေ့တွေက ဆန္ဒပြဖို့ စုရပ်နေရာတွေကို တပ်မတော်သားတွေနဲ့ ရဲတွေ ပိတ်ဆို့တာ မြို့တွင်းလမ်းတွေပေါ်မှာ လိုက်ဖမ်းတာ၊ ဓာတ်ပုံရိုက်တဲ့သူတွေကို လေးခွနဲ့ ပစ်တာတွေကို ပြုလုပ်နေပါတယ်။

မြစ်ကြီးနားက ဆန္ဒပြပြည်သူတွေဟာ မြို့တွင်းလမ်းတွေပေါ်မှာ ဆိုင်ကယ်နဲ့လှည့်လည်ပြီး ကြွေးကြော်သံတွေနဲ့ မွန်းတည့် ၁၂ နာရီကျော်အထိ ဆက်လက်ဆန္ဒပြနေကြပါတယ်။

မီးမီး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024