Home
မြန်မာသတင်း
ပျဉ်းမနား ဆန္ဒပြသူများ SAVE MYANMAR ရေးဆွဲ၊ ရဲတပ်ဖွဲ့ လာရောက်ဖျက်ဆီး
နေဖြိုးဝင်း
·
February 18, 2021
150941793_4283150651699921_9215308956464509965_n
150735891_4283150061699980_7568162390257980812_n
149790295_4283150435033276_8685758469530257690_n
149655038_4283150071699979_3485253438555809192_n
149655038_4283150071699979_3485253438555809192_n

ပျဉ်းမနား ရှမ်းကန်ရှိ ဗိုလ်ကြေးရုပ်ရှေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်သူတွေက SAVE MYANMAR ရေးဆွဲတာကို ရဲတပ်ဖွဲ့က လာရောက်တားဆီးခဲ့တယ်လို့ သိရပါတယ်။

နေပြည်တော်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူတွေက ဖေဖော်ဝါရီ ၁၈ ရက်နေ့ မနက်ပိုင်းက အခုလို စာလုံးရေးဆွဲတာ ဖြစ်ပါတယ်။

စာလုံးရေးဆွဲနေစဉ် ရဲတပ်ဖွဲ့အရာရှိတစ်ချို့က လာရောက်တားဆီးခဲ့ပေမယ့် ဆန္ဒပြပြည်သူတွေက စာလုံးရေး ဆွဲနေတာကို ဝိုင်း၀န်ကာဆီးပေးခဲ့တာကြောင့် စာလုံးရေးဆွဲတာ ပြီးစီးခဲ့ပါတယ်။

စာလုံးရေးဆွဲမှုအပြီးမှာ ရဲတပ်ဖွဲ့၀င် အင်အားအများအပြားက လာရောက် တားဆီးပိတ်ဆို့ခဲ့ပြီး SAVE MYAN MAR စာလုံးကို ဖျက်ဆီးပစ်ခဲ့ကြပါတယ်။

မနေ့က ညနေပိုင်းကလည်း ပျဉ်းမနားမြို့အထွက်က ကိုဗစ်ပညာပေး ကျေးတောသူရုပ်ရှေ့မှာလည်း WE WANT DEMOCRACY စာလုံး ရေးဆွဲနေတာကို ရဲတပ်ဖွဲ့၀င်တွေနဲ့ စစ်သားတွေက လာရောက်တားဆီးခဲ့တာကြောင့် စာလုံးပြီးအောင် မရေးနိုင်ခဲ့ဘဲ ဖျက်ဆီးခံခဲ့ရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024