ကချင်ပြည်နယ် မိုးညှင်းမြို့ အထွေထွေအုပ်ချုပ်ရေးရုံးရှေ့မှာ ဖေဖော်ဝါရီ ၁၇ ရက် မွန်းတည့် ၁၂ နာရီကစတင်ပြီး လူငယ် ၅၀ ကျော် တနာရီကြာထိုင်သပိတ်ကို ငြိမ်းချမ်းစွာ သံပြိုင်သီချင်းတွေ သီဆိုခဲ့ကြပါတယ်။
ဆန္ဒပြလူငယ်အဖွဲ့ဟာ ထွေအုပ်ဝန်ထမ်းတွေကို CDMမှာ ပါဝင်လာစေဖို့နဲ့ ကျဆုံးသွားတဲ့ မမြသွဲ့သွဲ့ခိုင်အတွက်လည်း ငြိမ်သက်စွာဆုတောင်းပေးခဲ့ကြတာ ဖြစ်ပါတယ်။
ရဲတွေက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံး ရှေ့မျက်နှာစာလမ်း ၂ ဘက်ကို ပိတ်ထားခဲ့ပြီး အဖြူရောင်ရေကား အချုပ်ကားတို့ ချထားတာကြောင့် ဆန္ဒပြသူတွေက အချုပ်ကားရှေ့ လမ်းသွယ်မှဝင်ရောက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။