ဧရာဝတီတိုင်း မြောင်းမြမြို့မှာ CDM လုပ်ဆောင်နေတဲ့ ကျောင်းအုပ်ဆရာတစ်ဦး ဖမ်းဆီးခံရတဲ့အတွက် ပြန်လွှတ်ပေးဖို့ ပြည်သူလူထုက ဒီကနေ့ ဖေဖော်ဝါရီ ၁၆ ရက်မှာ ဆန္ဒထုတ်ဖော်တောင်းဆိုရာမှာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်လူစုခွဲခဲ့ပါတယ်။
ဒီမနက်ဆန္ဒထုတ်ဖော်ပြီးတော့ ပြန်လာခဲ့တဲ့ ထော်ကလို့ကျေးရွာမှ ကျောင်းအုပ်ဆရာကြီး ဦးထက်ဝေယံကျော်ကို ရဲတပ်ဖွဲ့က လက်ဖက်ရည်ဆိုင်အတွင်း ဝင်ရောက်ဖမ်းဆီးရာကတဆင့် ပညာရေးဝန်ထမ်းတွေနဲ့ ပြည်တွေက ဦးထက်ဝေယံအောင်ကို ပြန်လွှတ်ပေးရေးအတွက် အကျဉ်းထောင်ရှေ့မှာ သွားရောက် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
ဆန္ဒထုတ်ဖော်နေကြတဲ့ ပြည်သူတွေကို ရဲတပ်ဖွဲ့က လူစုခွဲဖို့ အသိပေးပြီးနောက်မှာ မီးသတ်ပိုက်တွေနဲ့ ထိုး၊ ရာဘာကျည်တွေနဲ့ အချက် ၃၀ လောက် ပစ်ခတ်တာ၊ မျက်ရည်ယိုဗုံးနဲ့ ပစ်ဖောက် လူစုခွဲတာတွေ ပြုလုပ်ခဲ့ပါတယ်။
ပစ်ခတ်မှုတွေကြောင့် ပြည်သူ ၃ ယောက်ထက် မနည်း ရာဘာကျည်မှန် ဒဏ်ရာရတာ ကြောင့် ထူးဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူနေရပါတယ်။
ပညာရေးဝန်ထမ်းတွေနဲ့ ပြည်သူတွေကတော့ မြောင်းမြအကျဉ်းထောင်ရှေ့မှာ ဆက်လက်ဆန္ဒထုတ်ဖော်နေကြပြီး ရဲတပ်ဖွဲ့နဲ့ စစ်တပ်ကတော့ အကျဉ်းထောင်သို့ သွားရာလမ်းတွေကို ပိတ်ဆို့ လုံခြုံရေးချထားပါတယ်။