ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဗဟို ရုံးချုပ်ကို စစ်တပ်နဲ့ ရဲလုံခြုံရေးတပ်ဖွဲ့တွေက ဒီကနေ့ ဖေဖော်ဝါရီ ၁၅ ရက် ညနေပိုင်းမှာ ဝန်းရံပိတ်ဆို့ခဲ့ပါတယ်။
အန်အယ်လ်ဒီရုံးထဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပါတီဝင်တွေ ပိတ်မိနေတယ်ဆိုတဲ့ သတင်းတွေကြောင့် ဆန္ဒပြတဲ့ပြည်သူတွေကလည်း အန်အယ်လ်ဒီရုံးအနီးကို စုရုံးရောက်ရှိလာပြီး လာရောက်ဝန်းရံခဲ့ပါတယ်။
အန်အယ်လ်ဒီရုံးဘက်ကို မောင်းလာတဲ့ ရဲကား ၉ စီး၊ အချုပ်ကား ၁ စီး၊ water cannon တစ်စီး၊ ရေသယ်ကားတစ်စီးကိုလည်း ပြည်သူတွေကတားဆီးခဲ့ပါတယ်။
ရုံးချုပ်ရှေ့မှာ လမ်းပိတ်ပြီး လာရောက်နေရာယူနေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ညနေ ၅ နာရီမှာ ပြန်လည်ထွက်ခွာသွားတဲ့အတွက် ပြည်သူတွေဟာလည်း ရဲတပ်ဖွဲ့ ပြန်သွားပြီးတာနဲ့ လူစုခွဲကာ ပြန်လည်ထွက်ခွာသွားပါတယ်။
ဓာတ်ပုံ- ခိုင်ပန်းနု၊ နူးရာ ၊ ကိုကိုမောင်