Home
မြန်မာသတင်း
ဝမ်းတွင်း၊ သာစည်၊ မလှိုင်၊ မိတ္ထီလာ ၄ မြို့နယ် စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒပြ
DVB
·
February 15, 2021
WanTwin CDM 1
WanTwin CDM 2
WanTwin CDM 3
WanTwin CDM 4
WanTwin CDM 5
WanTwin CDM 6

မန္တလေးတိုင်း မိတ္ထီလာခရိုင်အတွင်း ဝမ်းတွင်း၊ သာစည်၊ မလှိုင်၊ မိတ္ထီလာ ၄ မြို့နယ် မှာ ဖေဖော်ဝါရီ ၁၅ ရက်နေ့က  အင်အားသိန်းချီပါဝင်တဲ့ အလွှာပေါင်းစုံပါတဲ့ စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒပြပွဲ ပြုလုပ်သွားပါတယ်။

“ဆန္ဒပြကြရာမှာ မိတ္ထီလာခရိုင်တခုလုံး ပိုစနစ်ကျပြီး ပိုစည်းကမ်းရှိလာတယ်။ CDM လှုပ်ရှားမှုအရ ရုံးတွေအားလုံးနီးပါး ပိတ်ထားတာတွေ့ရတယ်” လို့ ဆန္ဒပြဒေသခံတစ်ဦးက ပြောပါတယ်။

ဆန္ဒပြအဖွဲ့တွေထဲမှာ လူငယ်တွေ စုစည်းပြီး အမှိုက်ကောက်အဖွဲ့ တွေ ပါဝင်လုပ်ဆောင်လာတာလည်း တွေ့ရပါတယ်။

ဆန္ဒပြဥူးဇင်းတစ်ပါးက "နိုင်ငံတော်ကြီး စစ်အာဏာရှင်လက်အောက်ကလွတ်မြောက်ဖို့ ဒီမိုကရေစီရှိဖို့ CDMလှုပ်ရှားပေးကြပါ။ ပြည်သူအားလုံး ပူးပေါင်းပါဝင်ပေးကြပါလို့ တောင်ဆိုပါရစေ” လို့ မိန့်ပါတယ်။

မိတ္ထီလာမှာလူ အင်အား ၆၀၀၀၀၊  ဝမ်းတွင်း၊ မလှိုင်နဲ့ သာစည်တို့မှာ မြို့နယ်တစ်ခုကို လူ ၂၀၀၀၀ နှုန်းလောက်နဲ့ တခရိုင်လုံး လူအင်အား တစ်သိန်းကျော်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ပါဝင် ဆန္ဒပြခဲ့ကြပါတယ်။

    ၄ မြို့နယ်လုံးမှာ သံဃာတော်တွေ၊ အင်ဂျင်နီယာတွေ၊ ဆည်မြောင်းဝန်ထမ်း၊ မီးရထား ပညာရေး၊ ကျန်းမာရေး စတဲ့ ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံအပြင်  LGBTတွေ။  အလုပ်သမား၊ တောင်သူတွေနဲ့  ပြည်သူလူထု  စစ်အာဏာရှင်ဆန့်ကျင်ရေး ပူးပေါင်းပါဝင် ဆန္ဒပြခဲ့ကြပါတယ်။

"အာဏာရှင်ကို ဖြုတ်ချဖို့ရာ ဝန်ထမ်းတွေက အဓိကပါပဲ" "ရုံးမတက်နဲ့ ရုံးထွက်"ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေ ပြန်လွှတ် ပြန်လွှတ်"ဒို့ပြည်သူတွေ ညီရဲ့လားဟေ့ ညီတယ်ဟေ့"ရုံးမတက်နဲ့ ဝန်ထမ်းတွေ အိမ်မှာနေ ဇိမ်ပဲ ဇိမ်ပဲ စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ပါတယ်။

ဒေသခံဝန်းရံပြည်သူတွေက အချိုရည်၊ မုန့်၊ သစ်သီးနဲ့ ထမင်းထုပ်တွေကို ဆန္ဒပြပြည်သူတွေအတွက်  ပေးဝေခဲ့ကြပါတယ်။

သတင်း၊ဓာတ်ပုံ - မောင်မောင်လင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024