ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ၈ ရက်မြောက်နေ့ ဆန္ဒပြပွဲမှာ ဝန်ထမ်းအများစု ပူးပေါင်းပါဝင်လာကြတယ်လို့ သိရပါတယ်။
ဒီနေ့ ဆန္ဒပြပွဲမှာ ကျေးလက်နဲ့ မြို့နေ ပြည်သူများ၊ မီးရထားဝန်ထမ်းတွေ၊ LGBT တွေအပါဝင် လူမျိုးပေါင်းစုံ စစ်အာဿာရှင့်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
မင်းလှမြို့နယ်မှာ ဆန္ဒပြသူတွေကို ဒီနေ့အထိ ဖမ်းဆီးတာ မရှိသေးသလို ရဲတပ်ဖွဲ့ကလည်း လုံခြုံးရေးအနည်းငယ်သာ မင်းတန်းလမ်းမှာ ပိတ်ဆို့ထားတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
ဆန္ဒထုတ်ဖော်သူဟာ မင်းလှမြို့ လူစည်ကားရာလမ်းပေါ်တွေမှာ ငြိမ်ချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး မနက် ၁၁ နာရီခွဲလောက် လူစုခွဲခဲ့ကြပါတယ်။
သက်နိုင်ဝင်း