ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်ရှိ မီးစက်ဝင်း (မြစ်ကြီးနားခွဲရုံ..၃) မှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့က စစ်ကား ၂ စီးနဲ့ စစ်တပ်၊ ရဲတပ်ဖွဲ့ အင်အား ၃၀ လောက်က ည ၈ နာရီကနေ ည ၁၂ နာရီကျော်အထိ လက်နက်တွေကိုင်ဆောင်ပြီး လာရောက်ဝိုင်းထားခဲ့တယ်လို့ သိရပါတယ်။
မီးစက်ဝင်းကို ရဲနဲ့စစ်တပ်က လာဝိုင်းတာဟာ မီးဖြတ်ဖို့ဖြစ်တယ်လို့ သံပုံးတီးတောင်းဆိုရာမှာ ပါဝင်တဲ့ ဒေသခံတွေက ပြောပါတယ်။
ရပ်ကွက်နေပြည်သူ အယောက် ၅၀၀ လောက်က ပြန်ထွက်သွားဖို့ သံပုံးတီး တောင်းဆိုခဲ့တဲ့အတွက် ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။
ဒီမီးစက်ဝင်းအတွင်းကနေ မြစ်ကြီးနားတစ်မြို့လုံးကို မီးပေးထားပြီး မြစ်ကြီးနားခွဲရုံ ၁ (မန်ခိန်) နဲ့ မြစ်ကြီးနားခွဲရုံ ၂ (ရွှေအိုက်ရပ်ကွက်) ဝိုင်းမော်ခွဲရုံတို့ကိုလည်း ဖေဖော်ဝါရီ ၁၃ ရက်နေ့ညက စစ်ကားတွေနဲ့ လာရောက်ဝိုင်းထားခဲ့တယ်လို့ သိရပါတယ်။
မီးမီး