Home
မြန်မာသတင်း
ပုလဲမြို့တွင် အလွှာပေါင်းစုံပါဝင်သည့် သပိတ်စစ်ကြောင်းများ ပိုမိုအားကောင်းလာ
DVB
·
February 13, 2021
150233590_437800084203318_1310185971685592650_n
150183960_437799884203338_3313818690642628788_n
150138682_437799924203334_5266654012784773000_n
150138555_437800124203314_48994484744693171_n
149745223_2528387267464549_1758053846448753451_n
149586056_437800167536643_4711376610271276959_n
149586056_437800167536643_4711376610271276959_n

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့မှာ အာဏာသိမ်းစစ်အစိုးရအား သပိတ်မှောက်ဆန္ဒပြပွဲ ပိုမိုအားကောင်းလာပြီး မြို့ပေါ်လူတန်းစားတွေအပြင် ကျေးရွာနေလူတန်းစားတွေလည်း သပိတ်စစ်ကြောင်းနဲ့ ပူးပေါင်းလာကြတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာတော့ သံဃာတော်များအပါအဝင် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးဌာနတွေက ဝန်ထမ်းတွေအပါဝင် ပြည်သူ့သပိတ်စစ်ကြောင်းအင်အားဟာ ၂ သိန်းနီးပါး ရှိလာတယ်လို့ သိရပါတယ်။

သပိတ်စစ်ကြောင်းမှာ ပါဝင်သူ တစ်ဦးက "အရင်ရက်တွေက မပါဝင်သေးတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေလည်း ပါလာတာတွေ့ရတယ်။ ကျေးလက်လူထုတွေလည်း မြို့ပေါ်က သပိတ်တပ်နဲ့ ပူးပေါင်းမှု ‌ပိုမိုများပြားလာတယ်။ ဒီနေ့တော့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ဖြစ်တဲ့အတွက် ဂါရဝပြုဆုတောင်းကြတယ်။ ဟောပြောတာတွေလည်း ပြုလုပ်ကြပါတယ်" လို့ ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကလဲည်း ပုလဲမြို့နယ် မောင်းတုံကျေးရွာမှာ သပိတ်မှောက်လူထုကနေ အမေရေယဉ်နတ်နန်းကို သွားရောက်ကာ စစ်အာဏာရှင်ကျဆုံးရေး ကျိန်စာတိုက်မှု ပြုလုပ်ခဲ့ပါသေးတယ်။

ပုလဲမြို့နယ်ဟာ ယင်းမာပင်ခရိုင်ထဲမှာပါဝင်ပြီး စတင် လမ်းပေါ်တက် ဆန္ဒပြစဉ်က လူဦးရေ ၂ သောင်းလောက် ရှိခဲ့ပေမယ့် လက်ရှိချိန်မှာတော့ သပိတ်စစ်ကြောင်းဟာ လူသိန်းနဲ့ချီ များပြားလာတာဖြစ်ပါတယ်။

ရန်နိုင်စိုး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024