ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ၇ ရက်မြောက် ဆက်လက်ဆန္ဒထုတ်ဖော်နေကြပါတယ်။
ပညာရေးဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ကျောင်းသား၊ ကျောင်သူးဟောင်းတွေ၊ LGBTတွေ၊ တောင်သူလယ်သမားများအပါအဝင် လူမျိုးပေါင်းစုံ ပါဝင်ဆန္ဒပြနေကြတာပါ။
မနေ့က လွတ်တ်ငြိမ်းချမ်းသာခွင့်နဲ့ ပေါင်းတည်ထောင်က လွတ်လာတဲ့ မင်းလှမြို့က ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူအဖွဲ့စည်းတာဝန်ခံတစ်ဦးလည်း ဆန္ဒပြပွဲမှာ ပါဝင်ခဲ့ပါတယ်။
စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲမှာ တက်ကြွစွာ ဦးဆောင်ပါဝင်သူအချို့ကို အာဏာပိုင်အဖွဲ့စည်းတွေက နေအိမ်တွေမှာ ညဘက် လာရောက်ရှာဖွေတာတွေ ရှိခဲ့ပြီး တိမ်းရှောင်နေတာကြောင့် ဖမ်းဆီးမိတာမရှိသေးဘူးလို့ သိရပါတယ်။
ဒီနေ့ဆန္ဒပြပွဲကို မနက် ၉ နာရီခွဲလောက်ကစတင်ကာ မြို့အတွင်းလူစည်ကားရာ လမ်းမပေါ်တွေမှာ ငြိမ်းချမ်းစွာ လှည့်လည်ဆန္ဒပြပြီး ၁၁ နာရီခွဲလောက် ငြိမ်းချမ်းစွာ လူစုခွဲခဲ့ကြပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ပိတ်ဆို့ဖမ်းဆီးတာမရှိဘဲ မင်းလှမြို့ ဈေးချိုတန်းလမ်းမှာတော့ ပိတ်ဆို့ထားပါတယ်။
သက်နိုင်ဝင်း