အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှား (CDM) မှာ မြန်မာ့မီးရထားဝန်ထမ်းတွေ ပါဝင်လာမှုကြောင့် ဧရာဝတီတိုင်းတစ်ခုလုံးက မီးရထားခရီးစဥ်အားလုံး ရပ်ဆိုင်းထားရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဧရာဝတီတိုင်းတွင်း ကြံခင်း - ဟင်္သာတ - ပုသိမ် ပြေးဆွဲနေတဲ့ လော်ကယ်ရထား၊ စာပို့ရထား၊ အမြန်ရထား ခရီးစဥ်များအားလုံး ရပ်ဆိုင်းသွားတယ်လို့ ပုသိမ်ဘူတာမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"ကျနော်တို့ မီးရထားဝန်ထမ်းတွေက ဖေဖော်ဝါရီ ၈ ရက်နေ့ကတည်းက CDM ကမ်ပိန်းမှာ ပါဝင်ခဲ့ကြပါတယ်။ အဲဒီနေ့ကတည်းက ဘာအလုပ်မှ မလုပ်တော့ပါဘူး။ အဲဒါကြောင့် ဖေဖော်ဝါရီ ၈ ရက်နေ့ကတည်းက တိုင်းလုံးက ရထားခရီးစဥ်တွေအားလုံး ရပ်ဆိုင်းနေပါတယ်။"
ဧရာဝတီတိုင်းဒေသကြီးတွင်က မြို့နယ်တွေမှာ ဖေဖော်ဝါရီ ၇ ရက်နေ့ကစတင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်မှုများ စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ပုသိမ်ဘူတာရုံးက မြန်မာ့မီးရထားဝန်ထမ်းတွေလည်း ပါဝင်ဆန္ဒ ပြခဲ့တယ်လို့ ဆိုပါတယ်ေ
ကိုဗစ်ကာလက ကပ်ရောဂါထိန်းချုပ်နိုင်ရေးအတွက် မီးရထားလိုင်းတွေကို ယာယီပိတ်တာမျိုးရှိခဲ့ပေမယ့် စာပို့ရထား ပုံမှန်ပြေးဆွဲနိုင်ခဲ့ပေမယ့် ခုချိန်မှာတော့ ဝန်ထမ်းတွေမရှိတော့လို့ ရပ်နားထားရတယ်လို့ သိရပါတယ်။
မင်းထက်မုန်း