စစ်အာဏာရှင်အလိုမရှိကြောင်း အထွေထွေသပိတ်မှာပါဝင်ခဲ့တဲ့ လားရှိုးမြို့နယ်က သစ်တောဝန်ထမ်းတွေကို ဖမ်းဆီးဖို့ စစ်အာဏာသိမ်းအဖွဲ့က သစ်တောဝင်းအတွင်း ဝင်ရောက်စီးနင်းတဲ့ဖြစ်စဥ် မနေ့ မွန်းလွဲပိုင်းမှာ ဖြစ်ပွားခဲ့ပါတယ်။
အဲဒီလို ဝင်ရောက်စီးနင်နေစဥ်မှာ ရာနဲ့ချီတဲ့ မြို့ခံလူထုက သစ်တောဝန်ထမ်းတွေဘက်က ညနေပိုင်းအထိ ဝိုင်းဝန်းရပ်တည်ပေးနေတာကြောင့် ရဲနဲ့စစ်တပ်က မဖမ်းဆီးနိုင်သေးဘဲ လက်ရှိချိန်ထိ အခြေအတင်တွေ ဖြစ်နေပါတယ်။
အလာတူ သပိတ်မှာပါဝင်တဲ့ ဝန်းထမ်းတွေ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ ဒေသခံပြည်သူတွေကိုလည်း စစ်အာဏာသိမ်းအဖွဲ့က ဖမ်းဆီးထိန်းသိမ်းဖို့ ဆောင်ရွက်နေပါတယ်။
လက်ရှိလည်း လားရှိုးမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ NLD ပါတီဝင်တချို့နဲ့ သတင်းမှာ ပါဝင်ခဲ့တဲ့ လူငယ် ၂ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။