မုံရွာမြို့ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၂၄ ဦး အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပူးပေါင်း
DVB
·
February 11, 2021
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရရုံးစိုက်ရာ မုံရွာမြို့က ရပ်ကျေးအုပ်ချုပ်ရေးမှူး ၂၄ ဦးဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရရုံးစိုက်ရာ မုံရွာမြို့က ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက အာဏရှင်စစ်အစိုးရလက်အောက်မှာ တာဝန်မထမ်းဆောင်ချင်လို့ CDM ပြုလုပ်တဲ့ သပိတ်မှာ ပူပေါင်းတိုက်ပွဲဝင်တာလို့ မုံရွာမြို့နယ်၊ အိုးဘိုတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခိုင်မိုးက ပြောပါတယ်။