စစ်အာဏာရှင်ဆန့်ကျင်ရေး မကွေးမြို့ဆန္ဒပြပွဲ အင်အား ၃ သိန်းကျော် ပါဝင်
DVB
·
February 11, 2021
မကွေးမြို့မှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ စစ်အာဏာရှင်ဆန်ကျင်ရေး လူထုဆန္ဒပြပွဲ ၆ ရက်မြောက်နေ့မှာ လူဦးရေ ၃ သိန်းကျော်လောက်ဟာ နေရာစုံကနေ ပုံစံမျိုးစုံနဲ့ ချီတက် ဆန္ဒပြနေကြပါတယ်။
ရဲတပ်ဖွဲ့က လမ်းတွေကို ပိတ်ဆို့တားဆီးတာတွေရှိပေမယ့် ထိပ်တိုက်တိုးတာမျိုးမပြုလုပ်ဘဲ ဆိုင်ကယ်တွေနဲ့ ပိတ်ဆို့ကာကွယ်ပြီး လွတ်တဲ့လမ်းကြောင်းတွေကနေ ချီတက်ဆန္ဒပြနေကြပါတယ်။
စစ်အာဏာရှင်ကျဆုံးရေး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးခံခေါင်းဆောင်များ ချက်ချင်းလွှတ်၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ် အတည်ပြုပေး စတဲ့ကြွေးကြော်သံတွေနဲ့အတူ ချီတက်ဆန္ဒပြနေကြတာပါ။
မင်းထီး