မိုးကုတ်မြို့နယ်တွင် ဘာသာပေါင်းစုံစုဝေးပြီး အင်အားသောင်းချီ ဆန္ဒပြ
DVB
·
February 10, 2021
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်မှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့က ဘာသာပေါင်းစုံစုဝေးပြီး အင်အားသောင်းချီ ဆန္ဒ ထုတ်ဖော်ကြပါတယ်။
မိုးကုတ်မြို့က ဘာသာပေါင်းစုံလူမျိုးပေါင်းစုံစုစည်းပြီး စစ်အာဏာရှင်ကျရှုံးရေးအတွက် စုပေါင်းဆန္ဒပြကြတာဖြစ်ပါတယ်။
မိုးကုတ်မြို့က ဋ္ဌာနဆိုင်ရာတွေနဲ့လူမျိုးပေါင်းစုံဟာ CDM နဲ့ Red Ribbon campaing မှာ ပူးပေါင်းပါဝင်လာကြပြီး မြို့နေလူထုအနေနဲ့ ဆန္ဒစုဝေးဆန္ဒပြကြပါတယ်။
လေးရက်မြောက်ဆန္ဒပြတာဖြစ်ပြီး လူအင်အားသောင်းနှင့်ချီ ဆန္ဒပြကြတာဖြစ်ပါတယ်။
ဟန်နာထက်အောင်