ဝက်လက်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြ
DVB
·
February 8, 2021
စစ်အာရှင်စနစ်ဆန့်ကျင်ဆန္ဒပြပွဲတွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြုလုပ်နေပြီး စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်းက ကျေးရွာနေ ပြည်သူ ၂၀၀၀ လောက် ဆန္ဒပြခဲ့ကြပါတယ်။
စစ်အာဏာရှင်စနစ် ကျရှုံးရေး၊ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ရေး၊ သမ္မတဦးဝင်မြင့်ပြန်လွတ်ရေး၊ အာဏာရှင်စနစ်ကျဆုံးရေး စတဲ့ ကြွေးကြော်သံ တွေနဲ့ လူအင်အား မြို့ပေါ်အထိ ခြေလျင်တက်ရောက် ဆန္ဒပြခဲ့ကြပါတယ်။
ဖေဖော်ဝါရီ ၉ ရက်နေ့မှာလည်း စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြပွဲတွေ ဆက်လုပ်ပြုလုပ် သွားမယ်လို့ သိရပါတယ်။
သတင်း - အောင်စံလင်း