အာဏာရှင်စနစ်ဆန့်ကျင်ရေး ကျောက်ဆည်ဆန္ဒပြပွဲ လူပေါင်း ၅ သောင်းကျော်ပါဝင်
DVB
·
February 8, 2021
ကျောက်ဆည်မြို့မှာ အာဏာရှင်စနစ် ဆန့်ကျင်ရေး ဒုတိယမြောက်နေ့အဖြစ် ဒီနေ့ ဆန္ဒပြပွဲမှာ လူအင်အား ငါးသောင်းကျော်လောက် ပါဝင်တယ်လို့ သိရပါတယ်။
အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ကျေးရွာနေပြည်သူများ လာရောက်ပူးပေါင်းခဲ့ ကြပြီး ပုဂ္ဂလိက ရုံးဝန်ထမ်းတွေ၊ ဆရာဆရာမတွေ၊ အလှဖန်တီးရှင်တွေ၊ လူငယ်တွေအပြင် လူတန်းစားပေါင်းစုံ ဒီနေ့ ပူးပေါင်းပါဝင်လာကြပါတယ်။
မနက် ၈ နာရီကစပြီး အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာ ရန်ကုန်- မန္တလေး ကားလမ်းပေါ်က စထွက်ခွာခဲ့ကြတာပါ။