Home
မြန်မာသတင်း
ထိုင်းရောက်မြန်မာများ ဘန်ကောက်ရှိ ယူအဲန်သံရုံး နှင့် မြန်မာသံရုံးရှေ့တွင် ထပ်မံဆန္ဒပြ
DVB
·
February 8, 2021
146941785_1133291230436674_8926121028844147129_o
147443785_2848654448684360_2891721178002901624_n
146808898_867504114038892_70172863021595691_n
83
81

မြန်မာနိုင်ငံမှာ ဒီလဆန်းက စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဆန္ဒပြမှုတွေ နေရာအနှံ့ဖြစ်ပွားနေရာမှာ ထိုင်းနိုင်ငံကို အကြောင်းအမျိုးမျိုးနဲ့ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေဟာလည်း  မြန်မာသံရုံးမှာ ရက်ခြားဆိုသလို သွားရောက်ဆန္ဒပြခဲ့ပါတယ် ။

ယမန်နေ့ ( ဖေဖော်ဝါရီလ ၇ ရက် ) နေ့မှာလည်း ဘန်ကောက်မှာရှိတဲ့  UN ကမ္ဘာ့ကုလသမဂ္ဂ ရုံးရှေ့မှာရော မြန်မာသံရုံးရှေ့မှာပါ  ၂ နေရာ သွားရောက်ဆန္ဒပြခဲ့ပါတယ် ။

UN ကမ္ဘာ့ကုလသမဂ္ဂ ရုံးရှေ့ ဆန္ဒပြပွဲကို နေ့ခင်း ၁၂ ကျော်ကတည်းကနေ ညနေ ၄ နာရီထိ ပြုလုပ်ခဲ့ပြီး  မြန်မာရွှေ့ပြောင်းလုပ်သား ၊ သံဃာတော်များ ၊ ကျောင်းသားများနဲ့ စီးပွားရေးသမားတွေပါ စုစုပေါင်း လူ ၃၀၀ လောက် ပါဝင်ခဲ့ကြပါတယ် ။

ညနေ ၆ နာရီကျော်မှာတော့ မြန်မာသံရုံးရှေ့မှာ ကမ္ဘာမကြေဘူးသီချင်းကို ပြိုင်တူသီဆိုပြီး ဖယောင်းတိုင်မီး ထွန်းညှိတာ ၊ လက်ကိုင်ဖုန်း မီးဖွင့်တာတွေလုပ်ပြီး ထပ်မံဆန္ဒပြခဲ့ပါတယ် ။

ဆန္ဒပြတဲ့နေရာကို ယန်နာဝါနယ်မြေရဲတပ်ဖွဲ့အင်အား ၅၀ ကျော် လာရောက်စောင့်ကြပ်ခဲ့ပါတယ်။

Source: prachatai.com

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024