Home
မြန်မာသတင်း
ပဲခူးမြို့တွင် စစ်အာဏာရှင်အလိုမရှိကြောင်း လူအင်အားသိန်းချီဆန္ဒပြ
DVB
·
February 7, 2021
145950866_817639378821272_72329809826410237_n-1
145516928_817639338821276_663259144677341242_n
20-1
10-1
145950866_817639378821272_72329809826410237_n

စစ်အာဏာရှင်အလိုမရှိကြောင်း ပဲခူးမြို့မှာ ဒီနေ့မနက် ၁၀ နာရီကျော်လောက်က အင်အားသိန်းချီ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

     ဆန္ဒဖော်ထုတ်သူတွေက ရွှေမော်ဓောဘုရားအနောက်ဘက်မုခ်ယာဉ်ရပ်နားကွင်းကနေ လူအင်အား ၃၀ လောက်ပဲစတင်စုဝေးခဲ့ပြီးနောက် လမ်းတလျှောက်ပြည်သူတွေ လုပ်ခပ်တီးအားပေတာ အတူတူ ပူးပေါင်းလိုက်ပါလာကြတဲ့အတွက် အင်အားတစ်သိန်းကျော်လောက်အထိ ဖြစ်လာတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ဆန္ဒဖော်ထုတ်သူတွေဟာ ရွှေမော်ဓောဘုရားလမ်းကနေ ပဲခူးမြို့ ပြင်စည်မီးပွိုင့်ကနေ ရွှေမော်ဓောဘုရားအထိ  ဆိုင်ကယ်တွေ ကားတွေနဲ့ ချီတက်ကြသလို လမ်းလျှောက်ပြီး လမ်လျှောက်ဆန္ဒပြသူတွေလည်းရှိပါတယ်။ 

တချို့ဆန္ဒပြသူတွေက စစ်အာဏာရှင်စနစ်  အမြန်ဆုံးကျရှုံးပါစေ၊ အမေစုကျန်းမာပါစေ စတဲ့ကြွေးကြော်သံတွေ နဲ့ ချီတက်ခဲ့ကြတာပါ။

    ဖေဖော်ဝါရီ ၃ ရက်နေ့ညလောက်ကစပြီး ပဲခူးမြို့မှာ ည ၈ နာရီတိုင်း သုံးပုံးတီး လှုပ်ရှားမှုကိုလည်း ညစဉ် အရှိန်အဟုန်မြှင့် လုပ်ဆောင်နေကြပါတယ်။

အောင်စိုးမိုး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024