နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူ အားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန် အသင်းချုပ်က တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံနှစ်ခြင်း ခရစ်ယာန်အသင်းချုပ်ဟာ မြန်မာနဲ့ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကပ်ရောဂါဆိုး ရင်ဆိုင်နေရချိန်မှာ တပ်မမတော်က အရေးပေါ်အခြေအနေကြေညာပြီး နိုင်ငံတော်အာဏာကို ယူလိုက်တာဟာ ပြည်သူတွေနဲ့အတူ ထိတ်လန့်တုန်လှုပ်မှုတွေ၊ ဝမ်းနည်းစိတ်ပျက်ခြင်းတွေ နဲ့ စိုးရိမ်ပူပန်မှုတွေကို ထပ်တူထပ်မျှ ခံစားရကြောင်း ဖော်ပြပါတယ်။
မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန်အသင်းချုပ်အနေနဲ့ သမ္မာကျမ်းစာကို အခြေခံတဲ့ ဓမ္မသဘောတရားနဲ့ ဆန့်ကျင်နေတဲ့ ဖိနှိပ်အုပ်ချုပ်မှုစနစ်ကို လုံးဝ လက်မခံကြောင်း ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံနှစ်ခြင်းခရစ်ခရစ်ယာန်အသင်းချုပ်ဟာ အသင်းသား ၁.၈ သန်းကျော်၊ အသင်းတော်ပေါင်း ၅၃၀၀ ကျော်နဲ့ ဓမ္မအမှုတော်ဆောင်ပေါင်း ၁၂၇၀၀ နီးပါးရှိကြောင်း သိရပါတယ်။