အစိုးရရုံးစိုက်ရာ နေပြည်တော်ရှိ ဝန်ထမ်းအဆောင်ဖြစ်တဲ့ သပြေဆောင် အမှတ် ၄ မှာ အာဏာရှင်စနစ်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုကို ဖေဖော်ဝါရီ ၇ ရက်က ပြုလုပ်ခဲ့ပါတယ်။
ဆန္ဒထုတ်ဖော်မှုမှာ ပါဝင်တဲ့ဝန်ထမ်းအများစုဟာ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖြစ်ပြီး အာဏာရှင်စနစ်ကို အလိုမရှိကြောင်းနဲ့ အမေစုကျန်းမာပါစေဆိုပြီး ကြွေးကြော်ခဲ့ကြတာပါ။
ဝန်ထမ်းအင်အားစုစုပေါင်း ၅၀ လောက်ရှိပြီး လာမယ့် ရုံးဖွင့်ရက်က စတင်ကာ Civil Disobdience Movement ကို ဆောင်ရွက်တော့မယ်လို့လည်း ဆန္ဒထုတ်ဖော်မှုမှာ ပါဝင်တဲ့ ဝန်ထမ်းတွေက ပြောပါတယ်။
တပ်မတော်က ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့ပြီးနောက်မှာ ဆန္ဒထုတ်ဖော်မှုတွေကို နိုင်ငံနဲ့ အဝှမ်းပြုလုပ်လာကြပြီး ဖေဖော်ဝါရီ ၇ ရက်နေ့မှာပဲ နေပြည်တော် ပျဉ်းမား၊ လယ်ဝေးမြို့တို့မှာ အာဏာရှင်စနစ်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။