Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့်ဖမ်းထားသူအားလုံး ချက်ချင်းလွှတ်ရန် ဂျပန်လွှတ်တော်အမတ်များ တောင်းဆို
DVB
·
February 5, 2021
146115264_10225406487767128_2525504614018268513_n

မြန်မာတပ်မတော် အာဏာသိမ်းတာကို ရှုတ်ချကြောင်းနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည့်အပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ချက်ချင်းလွှတ်ပေးဖို့ ဂျပန်လွှတ်တော်အမတ်တွေက တောင်းဆိုလိုက်ပါတယ်။

ဂျပန်အာဏာရ (LDP) ပါတီ ရဲ့ နိုင်ငံတကာဆက်ဆံရေးကော်မတီရဲ့ ၃ ရက်နေ့က ပြုလုပ်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးပရောဂျက်အဖွဲ့ ရဲ့ အစည်းအဝေးမှာ အခုလို တောင်းဆိုလိုက်ပါတယ်။‌၏

ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော်အမတ်တွေကို  ဖမ်းဆီးထိန်းသိမ်းထားတာက ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်အပေါ် အနှောင့်အယှက်ဖြစ် နှောင့်နှေးစေတဲ့အတွက် ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်သူ ကော်မတီ ဥက္ကဋ္ဌ လွှတ်တော်အမတ် မစ္စတာ Masahisa Sato က ပြောပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဂျပန်နိုင်ငံခြားဝန်ကြီးဌာနကတဆင့် သိရှိရပြီး ဂျပန်နိုင်ငံရဲ့ လူအခွင့်အရေးသံတမန်ဆက်ဆံရေး စံညွန်းတွေနဲ့အညီ ဂျပန်ပုံစံ Magnitsky ဥပဒေနဲ့  ပိတ်ဆို့အရေးယူသွားမယ်လို့ ဆိုပါတယ်။

အစည်းအဝေးကို ဂျပန်နိုင်ငံခြားဝန်ကြီးဌာနက အရာရှိတွေ တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024