ရွေးကောက်ပွဲရလဒ်နဲ့ မဲစာရင်းအငြင်းပွားဖွယ်ရာကိစ္စတွေကို အကြောင်းပြပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ကရင်နီပြည်လူငယ် အင်အားစုက ထုတ်ပြန်လိုက်ပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီ ၂ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ဒီထုတ်ပြန်ချက်မှာ တပ်မတော်ရဲ့ လုပ်ရပ်ဟာ ဒီမိုကရေစီထွန်းကားရေးအတွက် အဟန့်အတားဖြစ်စေတဲ့အပြင် ပြည်သူကို တိုက်ရိုက်စော်ကားလိုက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် မည်သည့်အခြေအနေမဆို ကရင်နီပြည်လူငယ်အင်အားစုအနေနဲ့ လူထုနဲ့ တသားတည်း ရပ်တည်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။