တပ်မတော်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ ဖေဖော်ဝါရီ ၂ ရက်နေ့ နေ့လယ်ပိုင်းက ပြန်လွတ်လာပြီး ပြည်နယ်အစိုးရအဖွဲ့ အိမ်ရာ အကျယ်ချုပ်ထားထားတယ်လို့ မိသားစုဝင်တွေက DVB ကို အတည်ပြုပါတယ်။
“အဖေ ပြန်ရောက်လာပါပြီ။ အခုတော့ မိသားစု အားလုံးကို အိမ်ထဲမှာပဲ နေခိုင်းထားတယ်” လို့ မိသားစုဝင်တဦးက ပြောပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို ဖေဖော်ဝါရီ ၁ ရက်နေ့ မနက် ၄ နာရီခွဲအချိန်လောက်မှာ လက်ရှိနေထိုင်နေတဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့ အိမ်ရာကနေ လာရောက် ဖမ်းဆီးဆောင်သွားတာပါ။
အခုအခါမှာတော့ ဝန်ကြီးချုပ် နေထိုင်ရာ အိမ်ရာမှာ အတွင်းအပြင်၊ လုံခြုံရေးတွေ ချထားပါတယ်။
တပ်မတော်က လာရောက် ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီး အားလုံး သက်ဆိုင်ရာ နေအိမ်တွေကို ပြန်လည်ရောက်ရှိလာပြီ ဖြစ်ပါတယ်။