တပ်မတော်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်ချုပ်ခွင့်ရဒေသက လွှတ်တော်ကိုယ်စားလှယ်အပါအဝင် အန်အယ်လ်ဒီပါတီ အလုပ်အမှုဆောင် ၄ ဦးတို့ ဒီနေ့မနက် ပြန်လွတ်လာပါတယ်။
သူတို့ဟာ တပ်မတော်က အာဏာသိမ်းကြောင်း ကြေညာတဲ့ ဇန်နဝါရီ ၁ ရက်နေ့မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။
လဟယ်မြို့နယ် NLD ပါတီ အလုပ်မှုဆောင် ကိုလမ်းကြိုင်က “နာဂကိုယ်ပိုင်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင် အပါအဝင် ပါတီ EC ၄ ဦးနဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသဦးစီးဥက္ကဋ္ဌ ဦးကေဆိုင်းတို့ကို ဖေဖော်ဝါရီ ၂ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ ပြန်လွှတ်ပေးခဲ့တယ်” လို့ ပြောပါတယ်။
သတင်း - အောင်ဆန်းမြင့်